Third-Party Page Elements (widgets)
Poll တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့
Page element တွေအပြင်အခြား Website များထံမှ Page element တွေကို
ယူထားပြီးတော့လည်း မိမိ Blog page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါေ
သးတယ်။
အဲဒီလို Blogger ထံမှ မဟုတ်ပဲ အခြား Website တစ်ခုခုထံမှ
သီးခြားယူသုံးတဲ့ Element တွေကို Third- Party element တွေလို့ခေါ်ပါတယ်။
အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်
မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။ ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအော
င်။
Third-party element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက
နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ Blog ထဲထည့်ထားလိုတဲ့ အခြား Website
မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy မှ ကူးယူရမယ်။ ပြီးမှ
မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။
နာရီပုံ HTML widget ရယူရန်အတွက်
www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင် Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့ ရောက်သွားပါမယ်။
မှတ်ချက်။ ။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock
widget site တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock
widget လို့ ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့်
ကိုက်ညီနိုင်မည့် Link များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။
မိမိနှစ်သက်ရာ နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ
View Html Tag ပေါ်တွင် Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows
တစ်ခုပွင့်လာပါမည်။
Time Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ-
မြန်မာနိုင်ငံအတွက်ဆိုလျှင် (GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက
နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင် ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။
(130*130)
နာရီနှင့်ပတ်သက်ပြီး စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆို
လျှင်
အပေါ်ကွက်လပ်ထဲရှိ Code များအားလုံးကို Copy ကူးယူရပါမယ်။ စာသားများကို
Select မှတ်ပြီးညာဘက် Click တစ်ချက်နှိပ်လိုက်ပါ။ ကျလာမည့် Menu ထဲရှိ Copy
တွင် နှိပ်ပြီး ကူးယယူလိုက် ရပါမယ်။
Post ထဲမှာ ပုံတွေထည့်ရန်အတွက်က ဘာမှမခက်ခဲပါဘူး။ Blogger မှာပုံတွေကို
အလွယ်တကူ ထည့်သွင်းနိုင်တဲ့ Add Image လို့ခေါ်တဲ့ Tools တစ်ခုပါ၇ှိပြီးသား
ဖြစ်ပါတယ်။ အရေးကြီးတာက ဘယ်ပုံကို တင်မှာလဲ။ မိမိကွန်ပျူတာထဲက ဘယ်နေရာ
(ဥပမာ-Desktop ပေါ်မှာလား၊ My Document ထဲမှာလား)
ဘယ်မှာရှိနေသလဲဆိုတာလောက်ကိုတော
့ သိနှင့်ပြီးသားဖြစ်ဖို့လိုပါတယ်
။
1. Compose bar ပေါ်ရှိ Formatting toolbar ထဲမှ Add image တွင် Click နှိပ်လိုက်ပါ။ Upload window တစ်ခုပွင့်လာပါမည်။
2. ပထမဦးစွာတင်ချင်သည့် ပုံကို ရွေးချယ်ညွှန်ပြပေးရပါမယ်။ Browse တွင်
Click နှိပ်ပါက “File upload” box ပျောက်သွားပြီး မှုလ Upload window ရှိ
Browse နေရာတွင် မိမိရွေးချယ်ခဲ့သောပုံ File အမည်ကို မြင်ကြရပါမယ်။
ယခုအဆင့်ထိသည် ပုံကို အမှန်တကယ် Upload မလုပ်ရသေးပါ။ ဘယ်ပုံတင်မလဲဆိုတာကို ရွေးချယ်ညွှန်ပြပြီးရုံရှိသေးတယ်
ဆိုတာကို သတိပြုပါ။
မှတ်ချက်။ ။ တပြိုင်နက် ပုံငါးပုံအထိတင်နိုင်ပါတယ်။
အခြားပုံတွေထပ်တင်လိုပါက Add another image တွင် Click
နှိပ်ပြီးထပ်မံရွေးချယ်နိုင်ြ
ကပါတယ်။
3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။
တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။
တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button
ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊
Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။
အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload လုပ်ရန်အတွက်
Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ ” Term of Services”
ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box ပေါ်တွင်
အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျှင် Upload တွင် Click
နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။
ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး
အချိန်အနည်းငယ်ကြာပါလိမ့်မယ်။
Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင် Click
နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင်
မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင်
Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။
မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး
ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့်
ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင်
ရှေ့မှာပြောပြသလို Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit
လုပ်သလိုမျိုး ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။
အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link)
Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့
ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို
အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer
ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မြှားပုံကနေ၊
လက်ပုံပြောင်းတာမှန်သမျှ သည် Link များပဲဖြစ်ပါတယ်။
လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ
ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။
Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့
ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို
ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့်
အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို
အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage
တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။
အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့
Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့
ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင်
တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ
ညွှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။
1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို
ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို
Copy လုပ်လိုက်ပါ။
2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse
ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light
ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင်
Click တစ်ချက်နှိပ်လိုက်ပါ။
3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy
ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျှင် ဒီနေရာမှာ
ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့
အထူးဂရုပြုရပါလိမ့်မယ်။
4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော
စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link
ဖြစ်သွားပြီဆိုတာကို ပြပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင်
Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post
တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့)
Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက
ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။
Comments
ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link
တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ
အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့
နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ အကြောင်း အရာနှင့်
ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊
ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။
Writing Comment
ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment ၀င်ရေးနိုင်ကြပါတယ်။
အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment
ရေးလို့မရပါ။ အများစုမှာတော့ Google account တစ်ခုရှိရင်
ဝင်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း လွယ်ကူလှပါတယ်။
ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click နှိပ်လိုက်ပါ။
ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment
များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာ
ကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ၀င်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။
ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို
ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။
ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List
ထဲရောက်သွားပါမည်။
Stop Comments
မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link
မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို
ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျှ Post
အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။ ဒီအခြေအနေ
၂မျိုး ပေါ်မှုတည်ပြီး …..
1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting အောက်မှ
Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့
ခေါ်ပါမယ်။
2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။
Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ
မျိုးကန့်သတ်နိုင်ကြပါတယ်။ Anyone ကို ရွေးမယ်ဆိုရင် Google account
(Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါ
တယ်။
Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have
Comments ဖြစ်ပါတယ်။ သဘောက တင်သမျှ Post တိုင်းမှာ Comment
ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျှင် New Posts
Do Not Have Comments ကိုရွေးရပါမယ်။
စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော “Save Settings” တွင် Click နှိပ်လိုက်ပါ။